ကိုယ်ရေးအချက်အလက် ကာကွယ်ခြင်းဆိုင်ရာ DKSH ၏ မျှော်မှန်းချက်

သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကာကွယ်ခြင်းသည် DKSH အတွက် အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုတို့သည် ကျွန်ုပ်တို့၏လုပ်ငန်းများကို အချက်အလက်ကာကွယ်စောင့်ရှောက်ရေးနှင့် သတင်းအချက်အလက် လုံခြုံရေး နှင့်ပတ်သက်သော သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်ပါသည်။ ဤမူဝါဒတွင် DKSH သည် သင်၏ အချက်အလက်ကို မည်သို့ကောက်ယူမည်၊ မည်သို့အသုံးပြုမည်၊ မည်သို့ကာကွယ်မည် နှင့် မည်သူ့ကို ထုတ်ဖော်ပြသမည် ဆိုသည်ကို အောက်တွင် ရှင်းလင်းဖော်ပြထားပြီး သင်က နားလည်သဘောပေါက်မည်ဟု ကျွန်ုပ်တို့မှ ယုံကြည်မျှော်လင့်ပါသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်

ကျွန်ုပ်တို့၏ ဝက်ဆိုက်မှတဆင့် သင်သည် သင်၏ ကိုယ်‌ရေးအချက်အလက်များ (ဥပမာ - သင့်အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စသည်ဖြင့်)ကို ကျွန်ုပ်တို့အား သင့်ဆန္ဒအလျောက် ပေးအပ် (ဥပမာ- ဝက်ဆိုက်တွင် မှတ်ပုံတင်ခြင်းအားဖြင့်၊ စစ်တမ်းကောက်ယူခြင်းတွင် ဖြည့်စွက်ခြင်း) သည် မဟုတ်လျှင် သို့မဟုတ် သင်၏ကိုယ်ရေးအချက်အလက်ကို ကာကွယ်ရန်အတွက် သက်ဆိုင်ရာ ဥပ‌ဒေများနှင့် စည်းမျဥ်းများဖြင့် အခြားနည်းခွင့်ပြုထားသည် မဟုတ်လျှင် DKSH အနေဖြင့် သင့်၏ကိုယ်‌ရေးအချက်အလက်ကို ကောက်ယူမည် မဟုတ်ပါ။

သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်ကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်

သင်သည် သင်၏ ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့အား ပေးအပ်သည့်အခါ သင်၏စုံစမ်းမှုများကို ပြန်လည်ဖြေကြားရန်၊ သင်၏ အမှာစာအတွက် ဆက်လက်ဆောင်ရွက်ရန် သို့မဟုတ် သီးခြားသတင်းအချက်အလက် သို့မဟုတ် ကမ်းလှမ်းချက်များသို့ သင့်အား ဝင်ရောက်ခွင့်ပေးရန်၊ ထို့အပြင် သင်နှင့် ကျွန်ုပ်တို့၏ဝယ်သူများဆိုင်ရာ ဆက်နွယ်ချက်ကို အထောက်အပံ့ပေးရန် အတွက် ကျွန်ုပ်တို့က သင်၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုမည် ဖြစ်ပါသည်။

• ကျွန်ုပ်တို့အနေဖြင့် ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းကာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို မည်သို့မြှင့်တင်နိုင်မည်ကိုလည်းကောင်း၊ သင်၏လုပ်ငန်းလိုအပ်ချက်များကို ပိုမိုနားလည်နိုင်စေရန်အတွက်လည်းကောင်း ကျွန်ုပ်တို့၏ ကမ္ဘာတဝှမ်းရှိ တွဲဖက်ဆောင်ရွက်လုပ်ကိုင်သူများကိုလည်း မျှဝေနိုင်မည် ဖြစ်သည်။

• ကျွန်ုပ်တို့သည် (သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စား တတိယပုဂ္ဂိုလ်တစ်ဦးသည်) သင်၏လုပ်ငန်းလိုအပ်ချက်များကို ထောက်ပံ့ပေးရာတွင် DKSH ၏ကမ်းလှမ်းချက်များအကြောင်းကို သင့်အား အသိပေးအကြောင်းကြားဆက်သွယ်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ ဝယ်သူများ၏လိုအပ်ချက်များကို နားလည်စေရန် အွန်လိုင်းစစ်တမ်း ကောက်ယူရန် ကိုယ်ရေးအချက်အလက်များကို အသုံးပြုနိုင်ပါသည်။ အကယ်၍ သင့်အနေဖြင့် သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ ဝယ်သူများနှင့်ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန် (အထူးသဖြင့် တိုက်ရိုက်ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် စျေးကွက်သုတသေနပြုလုပ်ခြင်း) အသုံးပြုစေလိုသည့် ဆန္ဒမရှိပါက၊ ကျွန်ုပ်တို့အနေဖြင့် သင်၏ရွေးချယ်မှုအား အလေးထားပါသည်။ သင်၏ကိုယ်ရေးအချက်အလက်များကို DKSH ၏ တွဲဖက်ဆောင်ရွက်လုပ်ကိုင်သူများ မှတပါး အခြားတတိယပုဂ္ဂိုလ်များအား တိုက်ရိုက်ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် စျေးကွက်ဖော်ဆောင်ခြင်း မပြုလုပ်ပါ။

သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်ကို မည်သည့်အတိုင်းအတာအထိ အသုံးပြုခြင်း

အွန်လိုင်းမှတဆင့် သင်ပေးအပ်လိုက်သည့် သင်၏ကိုယ်ရေးအချက်အလက်များကို သင့်အား ထုတ်ဖော်ပြောဆိုမည့် ရည်ရွယ်ချက်များအတွက်သာလျှင် DKSH အနေဖြင့် ကောက်ယူမည်၊ အသုံးပြုမည် သို့မဟုတ် ထုတ်ဖော်မည် (အဆိုပါထုတ်ဖော်ပြောဆိုမှုသည် အောက်ပါအကြောင်းများအတွက် မဟုတ်လျှင်) ဖြစ်သည် -

• ကိုယ်‌ရေးအချက်အလက်များကို ကောက်ယူရခြင်း၏ မူလရည်ရွယ်ချက်နှင့် တိုက်ရိုက်စပ်လျဥ်းသည့် အခြားရည်ရွယ်ချက် တစ်ခုခုအတွက် ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်း၊

• သင်နှင့် ဆက်သွယ်ဆောင်ရွက်မှုတစ်ခု ပြင်ဆင်ရန်၊ ညှိနှိုင်းရန် နှင့် လုပ်ဆောင်ရန် လိုအပ်လျှင်၊

• ဥပ‌ဒေက သို့မဟုတ် ဆောင်ရွက်ပိုင်ခွင့်ရှိသော အစိုးရ သို့မဟုတ် တရားစီရင်ရေး အာဏာပိုင်များက တောင်းဆိုလာလျှင်၊

• ဥပ‌ဒေနှင့်အညီ တောင်းဆိုမှု သို့မဟုတ် ကာကွယ်မှု တစ်ခု ပြုလုပ်ရန် သို့မဟုတ် ထိုလုပ်ပိုင်ခွင့်ကို ဆက်လက်ထိမ်းသိမ်းထားရန် လိုအပ်လျှင်၊

• ခြိမ်းခြောက်မှု သို့မဟုတ် ဥပဒေနှင့်မညီသော အခြားဆောင်ရွက်မှုများ (DKSH သတင်းအချက်အလက်နည်းပညာစနစ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း စသည်) ကို ကာကွယ်ရန် လိုအပ်လျှင်။

ဆက်သွယ်ပြောဆိုရေး သို့မဟုတ် အသုံးချရေး ဆိုင်ရာ အချက်အလက်

ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဝက်ဆိုက်သို့ သင်၏ဝင်ရောက်ခြင်းမှတဆင့်၊ သင်၏ ဆက်သွယ်မှုအချက်အလက် (ဥပမာ - အင်တာနက်ပရိုတိုကောလိပ်စာ(internet protocol address)) သို့မဟုတ် သင်၏ အသုံးချမှုအချက်အလက် (ဥပမာ - သင်သည် မည်သည့်အချိန်တွင် ဝင်ရောက်သည်၊ မည်သည့်အချိန်တွင် အသုံးပြုခြင်း ရပ်တန့်သည်၊ မည်သည်များကို ဝင်ရောက်သည် စသည့်အချက်အလက်များ နှင့် သင်ဝင်ရောက်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များ) များသည် နည်းပညာအရ လည်ပတ်ဆောင်ရွက်နေမည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်ဆက်စပ်နေမည် ဖြစ်သည်။ သင်၏ ဆက်သွယ်မှု သို့မဟုတ် အသုံးချမှု အချက်အလက်များကို ကောက်ယူခြင်း၊ လုပ်ဆောင်ခြင်း၊ အသုံးပြုခြင်းသည် မဖြစ်မနေ လိုအပ်မှု ရှိသည့်အတိုင်းအတာအထိ ဖြစ်ပေါ်နေမည်ဖြစ်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ကာကွယ်စောင့်ရှောက်ရေးဥပ‌ဒေမူဘောင် နှင့်အညီ ဆောင်ရွက်မည်ဖြစ်ပါသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာမဟုတ်သော အချက်အလက်များ အလိုအလျောက် ကောက်ယူခြင်း

သင်သည် ကျွန်ုပ်တို့၏ဝက်ဆိုက်များသို့ ဝင်ရောက်သည့်အခါ၊ ကျွန်ုပ်တို့အနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာမဟုတ်သော အချက်အလက်များ (ဥပမာ - အင်တာနက် browser အမျိုးအစား၊ အသုံးပြုထားသည့် လည်ပတ်မှုစနစ်၊ သင်ဝင်ရောက်လာခဲ့သော ဝက်ဆိုက်၏ ဒိုမိန်း အမည်၊ ဝင်ရောက်သည့် အကြိမ်အရေအတွက်၊ ဝက်ဆိုက်တွင် အသုံးပြုသည့် ပျမ်းမျှအချိန်၊ ကြည့်ရှုသည့် စာမျက်နှာများ) ကို အလိုအလျောက် (ဆိုလိုသည်မှာ မှတ်ပုံတင်ထားခြင်း မရှိဘဲ) ကောက်ယူနိုင်သည်။ ကျွန်ုပ်တို့၏ ဝက်ဆိုက်များ၏ အရည်အသွေး၊ ဆောင်ရွက်ချက် ကောင်းမွန်မှု ရှိမရှိကို စောင့်ကြည့်ရန်နှင့် ထိုဝက်ဆိုက်များရှိ အကြောင်းအရာများနှင့် လုပ်ဆောင်မှုများ ကို တိုးတက်မြှင့်တင်ရန် အလို့ငှာ ကျွန်ုပ်တို့သည် ထိုအချက်အလက်များကို အသုံးပြုနိုင်မည်ဖြစ်၍ ကျွန်ုပ်တို့၏ ကမ္ဘာတဝှမ်းရှိ တွဲဖက်ဆောင်ရွက်လုပ်ကိုင်သူများသို့လည်း မျှဝေနိုင်ပါသည်။

Cookies - သင်၏ကွန်ပြူတာတွင် အလိုအလျောက်သိမ်းဆည်းမည့် အကြောင်းအရာအချက်အလက်

ကျွန်ုပ်တို့၏ဝက်ဆိုက်တစ်ခုခုကို သင်ကြည့်ရှုသည့်အခါ သင်၏ကွန်ပြူတာတွင် cookie တစ်ခုအနေဖြင့် အချက်အလက်အချို့ကို သိမ်းဆည်းနိုင်ပါသည်။ ရည်ရွယ်ချက်မှာ သင်နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ သင်၏ကွန်ပြူတာက အလိုအလျောက် မှတ်မိနိုင်စေရန် ဖြစ်ပါသည်။ Cookies သည် ကျွန်ုပ်တို့အား နည်းလမ်းများစွာဖြင့် အကူအညီပေးနိုင်ပါသည်။ ဥပမာအားဖြင့် သင်၏စိတ်ဝင်စားမှုများနှင့် ပိုမိုကိုက်ညီစေမည့် ဝက်ဆိုက်တစ်ခုအဖြစ် လိုအပ်ချက်နှင့်ကိုက်ညီအောင် စီမံထားခွင့်ပြုခြင်းအားဖြင့် သို့မဟုတ် သင် နောက်တကြိမ်ပြန်လည်ဝင်ရောက်သည့်အခါတိုင်း စကားဝှက်ပြန်လည်ထည့်သွင်းရခြင်းကို ရှောင်ရှားရန် သင်၏ စကားဝှက်ကို သိမ်းဆည်းထားခွင့်ပြုခြင်းအားဖြင့် တို့ဖြစ်ပါသည်။ သင့်အနေဖြင့် cookies များအား လက်ခံလိုခြင်း မရှိပါက သင်၏ကွန်ပြူတာရှိ အချက်အလက်သိမ်းဆည်းရာနေရာမှ အဆိုပါ cookies များကို ဖျက်ပစ်ရန် သို့မဟုတ် ပိတ်ထားရန် သို့မဟုတ် cookies များ သိမ်းဆည်းမှုမပြုမီ သတိပေးချက်လက်ခံရရှိနိုင်ရန်သင်၏ အင်တာနက် browser ကို ချိန်ညှိရမည် ဖြစ်သည်။

လုံခြုံမှုရေးရာ

မတော်တဆ သို့မဟုတ် ဥပ‌ဒေနှင့်မညီသော အနှောင့်အယှက်၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပြောင်လဲခြင်း နှင့် အခွင့်မရှိဘဲ ထုတ်ဖော်ပြသမှု သို့မဟုတ် ဝင်ရောက်မှု တို့မှ သင်၏ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် DKSH အနေဖြင့် နည်းပညာဆိုင်ရာ နှင့် အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေး အစီအမံများကို အသုံးပြုဆောင်ရွက်ထားသည်။

အခြားဝက်ဆိုက်များသို့ ချိတ်ဆက်ခြင်း

DKSH ဝက်ဆိုက်များတွင် အခြားဝက်ဆိုက်များနှင့် ချိတ်ဆက်ထားခြင်းများ ရှိနိုင်သည်။ DKSH သည် အခြားဝက်ဆိုက်များပါ အကြောင်းအရာများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်အချက်အလက်ကာကွယ်မှုဆိုင်ရာ ကျင့်သုံးမှုများအတွက် တာဝန်မရှိပါ။

မေးမြန်းစုံစမ်းခြင်းနှင့် အကြံပြုခြင်း

DKSH သည် သင်၏ကိုယ်ရေးအချက်များကို စစ်ဆေးရန်၊ မှန်ကန်စေရန်၊ ပြင်ဆင်ရန် သို့မဟုတ် မတိကျမှုများကို ပယ်ဖျက်ရန် သင့်တော်သော တောင်းဆိုမှုများကို ပြုလုပ်မည်ဖြစ်သည်။ DKSH ၏ အချက်အလက်ကာကွယ်စောင့်ရှောက်မူဝါဒနှင့် ပတ်သက်၍ သင့်တွင် မေးခွန်းများ သို့မဟုတ် အကြံပြုချက်များ (ဥပမာ - သင့်၏ကိုယ်ရေးအချက်အလက်များကို စစ်ဆေးရန်နှင့် ပြင်ဆင်ရန်) ရှိပါက Contact ပေါ်တွင် ကလစ်နှိပ်၍ ကျွန်ုပ်တို့ထံ သင်၏ မေးခွန်းများနှင့် အကြံပြုချက်များ ပေးပို့နိုင်ပါသည်။ အင်တာနက်အသုံးပြုမှု များပြားလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ အချက်အလက်ကာကွယ်စောင့်ရှောက်ရေး မူဝါဒ သည်လည်း တိုးတက်လာပေမည်။ ကျွန်ုပ်တို့သည် ဤစာမျက်နှာရှိ ကျွန်ုပ်တို့၏ အချက်အလက်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ ကို ပြောင်းလဲပြုပြင် တင်ပြမည်ဖြစ်၍ ထိုသို့ပြောင်းလဲပြုပြင်မှုများကို အချိန်မီသိရှိရန် ဤစာမျက်နှာကို ပုံမှန် ကြည့်ရှုစစ်ဆေးသင့်ပါသည်။

Google ၏ ခွဲခြမ်းစိတ်ဖြာမှု

ဤဝက်ဆိုက်သည် Google ကော်ပိုရေးရှင်းက ပေးသော ဝက်ဆိုက်ခွဲခြမ်းစိတ်ဖြာခြင်းဝန်ဆောင်မှုတစ်ခု ဖြစ်သည့် Google ၏ ခွဲခြမ်းစိတ်ဖြာမှု ကို အသုံးပြုပါသည်။ အသုံးပြုသူများသည် ဝက်ဆိုက်ကို မည်သို့အသုံးပြုသည် ဟူသော ခွဲခြမ်းစိတ်ဖြာမှုကို အထောက်အကူပေးရန် Google ၏ ခွဲခြမ်းစိတ်ဖြာမှုသည် cookies (သင်၏ကွန်ပြူတာတွင် သိမ်းဆည်းထားသော စာသားဖိုင်) ကို အသုံးပြုသည်။ သင်၏ IP address အပါအဝင် သင်၏ ဝက်ဆိုက်အသုံးပြုမှုနှင့် ပတ်သက်၍ cookies များက ထုတ်ဖော်လိုက်သည့် အချက်အလက်များသည် အမေရိကန်ပြည်ထောင်စုအတွင်းရှိ Google ဆာဗာသို့ ရောက်ရှိ သိမ်းဆည်းထားမည် ဖြစ်ပါသည်။ သင်၏ ဝက်ဆိုက်အသုံးပြုမှုကို အကဲဖြတ်ခြင်း၊ ဝက်ဆိုက်တည်ထောင်သူများအတွက် ဝက်ဆိုက်ဆောင်ရွက်ချက်နှင့် ပတ်သက်၍ အစီရင်ခံစာပြုစုခြင်း၊ ဝက်ဆိုက်ဆောင်ရွက်ချက်နှင့် အင်တာနက်အသုံးပြုမှု နှင့်စပ်လျဥ်းသည့် အခြားဝန်ဆောင်မှုများ ပေးခြင်း စသည့် ရည်ရွယ်ချက်များအတွက် Google က ဤအချက်အလက်များကို အသုံးပြုမည် ဖြစ်သည်။ Google သည် အချက်အလက်များကို ဥပ‌ဒေအရ ပြုလုပ်ရန်တောင်းဆိုခံရသော တတိယပုဂ္ဂိုလ်များသို့ သို့မဟုတ် ထိုတတိယပုဂ္ဂိုလ်များက Google ကိုယ်စား အချက်အလက်များကို ဆောင်ရွက်ရန် လိုအပ်ပါက လွှဲပြောင်းနိုင်သည်။ Google အနေဖြင့် Google က ဆုပ်ကိုင်ထားသော အခြားအချက်အလက်များနှင့် သင်၏ IP address ကို ပေါင်းစည်းထားမည် မဟုတ်ပါ။ သင်၏ browser တွင် သင့်တော်သော ချိန်ညှိမှုကို ပြုပြီးနောက် cookies အသုံးပြုမှုကို ငြင်းဆိုနိုင်သည်။ သို့သော် သင့်အနေဖြင့် ထိုသို့ပြုလုပ်ပါက ဤဝက်ဆိုက်၏ လုပ်ဆောင်မှု အပြည့်အစုံကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤဝက်ဆိုက်ကိုအသုံးပြုခြင်းအားဖြင့်၊ အထက်ဖော်ပြပါ ရည်ရွယ်ချက်နှင့် နည်းလမ်းအတိုင်း Google က သင်နှင့်ပတ်သက်သော အချက်အလက်များ လုပ်ဆောင်ခြင်းကို သင်က သဘောတူပါသည်။